မိုင်းဖြတ်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆက်လက်ပြုလုပ်ပေး

မိုင်းဖြတ် နိုဝင်ဘာ ၈

ရှမ်းပြယ်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မိုင်းဖြတ် မြို့နယ်ဦးစီးမှူးရုံးမှ “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရက်ကွက်နှင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ​ယမန်​နေ့နံနက်ပိုင်းက ​ကောင်းမှုကျေးရွာအုပ်စုသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်း​ဆင်း​ဆောင်ရွက်ပြုလုပ်​ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းဖြတ်မြို့နယ် ဦးစီးမှူး ရုံးမှ လူဝင်မှုကြီးကြပ်ရေးမှူး ဦးအောင်မြင့်ထွန်းက “ပန်းခင်းစီမံချက်" ဖြင့် ဆောင်ရွက်ပေးသည့် လုပ်ငန်းများကို ရှင်းလင်း ပြောကြားခဲ့သည် ယင်း​နောက် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေး ခဲ့သည်။

ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးမှူး ဦးအောင်မြင့်ထွန်းနှင့် ဝန်ထမ်းများက ​ကောင်းမှုကျေးရွာ အုပ်စု အတွင်းရှိ ကျေးရွာများမှ  နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက်လျှောထားသူ နိုင်၃(က) (၁၁)ဦး၊ နိုင်၆(က) (၈)ဦး၊ နိုင်၆(က)လဲလှယ် (၅)ဦးနှင့် အိမ်ထောင်စုလူဦးရစာစာရင်း လျှောက်ထားသူ  အိမ်ထောင်စု (၅)စုတို့ကို (အခမဲ့) ဆောင်ရွက်ပေးခဲ့သည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းဖြတ်မြို့နယ်စီးမှူးရုံးမှ “ပန်းခင်းစီမံချက်” လုပ်ငန်း​များကို ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

​​​သန်းထွန်းအေး