လင်းခေး နိုဝင်ဘာ ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သည်၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏(၃၃)နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်မှအဖြစ် ဆရာတော်သံဃာတော် များအား အာရုံဆွမ်းဆက်ကပ်ခြင်း၊ လှူဘွယ်ပစ္စည်းများလှူဒါန်းခြင်း၊ ပရိတ်တရားတော်များ နာယူခြင်းများကို ယနေ့နံနက်(၇)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ရာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးမျိုးတင့်ဇော်နှင့် ဝန်ထမ်းမိသားစုများက လှူဘွယ် ဝတ္ထုအစုစု လှူဒါန်းဆက်ကပ်ခြင်းအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)