ဟားခါး နိုဝင်ဘာ ၇
ဟားခါးမြို့၌ ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ် ၂ ဦး ထပ်မံတွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် လူနာများအနက် ၈ ဦး ပြန်လည်ကျန်းမာ လာကြောင်း သိရသည်။
သံသယရှိသူ ၁၂ ဦးအား Test Kit ဖြင့် စစ်ဆေးရာ ၂ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခြင်း ဖြစ်သည်။
ဟားခါးမြို့နယ်တွင် ဇွန်လ ၁၀ ရက်နေ့မှ ယနေ့အထိ ရောဂါပိုးတွေ့လူနာ ၁၂၉၄ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၁၂၃၅ ဦး၊ သေဆုံးသူ ၄၀ ဦး၊ ဆေးကုသမှုခံယူဆဲ ၁၉ ဦး ရှိသွားပြီဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)