ဗဟန်းမြို့နယ် ကြက်ခြေနီတပ်ဖွဲ့၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများနှင့် ပတ်သက်၍ အသိပညာပေး(Talk Show) ပြုလုပ်

ဗဟန်း     နိုဝင်ဘာ   

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre အစည်းဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ဗဟန်းမြို့နယ် ကြက်ခြေနီတပ်ဖွဲ့၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူးနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး တို့ပူးပေါင်းကာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကိုပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဆွေးနွေပွဲ၌ ဗဟန်းမြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ လူနာများအား ကူညီပံ့ပိုးဆောင် ရွက်ပေးနေမှုများ၊ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံသည့်လုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးနေမှုများ၊ အောက်ဆီဂျင်အခမဲ့ ဖြန့်ဝေသည့်လုပ်ငန်းများအပြင် ပရဟိတ လုပ်ငန်းများ၊ ရှေးဦးပြုစုခြင်း သင်တန်းများဖွင့်လှစ်ရန် စီစဉ်ထားရှိမှုများ၊ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သော အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်ထားရှိ မှုများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်၊ အသင်းသားများ တိုးပွားရေး လုပ်ငန်းများဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်နေမှုများကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးက အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ဗဟန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ဗဟုသုတဖြစ်ဖွယ်ရာ ကျန်းမာရေး အထောက်အကူပြု ဆွေးနွေးပွဲနှင့် စာပေရေးရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) အစီအစဉ်များကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)