မိတ္ထီလာမြို့နယ်တွင်    စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့မှ စာဖတ်ဝိုင်းကျင်းပ

မိတ္ထီလာ  နိုဝင်ဘာ   ၇

  မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့ (BOOK CLUB)မှ ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း   သိရသည်။

ရှေးဦးစွာ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့ (BOOK CLUB)မှ အတွင်းရေးမှူး စာရေးဆရာ ကြည်သိန်း​ဇော်က အမှာစကားပြောကြားခဲ့ပြီး မိတ္ထီလာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမျိုးမင်းဇော်က စာဖတ်ဝိုင်းကျင်းပရခြင်းအ​ကြောင်းနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာဖတ်ဝိုင်း သို့ တက်ရောက်လာကြာသော စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့မှ အဖွဲ့ဝင်များနှင့် စာပေ ချစ်မြတ်သူများက အတွေးအမြင် ရသများကို ဆွေးနွေးခဲ့ကြရာ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုး သူများအဖွဲ့ (BOOK CLUB) အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းသို့ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့ (BOOK CLUB) အတွင်းရေး မှူးနှင့် အဖွဲ့ဝင်များ ၊ စာပေချစ်မြတ်နိုးသူများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)