နမ့်ခမ်းမြို့၌ ဒေသအသီးသီးမှ ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပြီးကြောင်းလက်မှတ် ပြနိုင်မှသာ မြို့တွင်းသို့ ဝင်ခွင့်ပြု

နမ့်ခမ်း    နိုဝင်ဘာ   ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ဒေသအသီးသီးမှ  ခရီးသွား ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပြီးကြောင်းလတ်မှတ် ပြနိုင်မှသာ မြိုတွင်းသို့ ဝင်ခွင့်ပြုမည်ဖြစ်ကြောင်းကို နေ့စဉ် နံနက် ၇ နာရီမှ စတင်၍ နမ့်ခမ်းမြို့အဝင် ရောဂါ စစ်ဆေး ရေးဂိတ်၌ တာဝန်ရှိသူများက စတင်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက်  ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် ယမန်နေ့ နက်ပိုင်း(၇)နာရီအချိန်မှ စတင်၍ နမ့်ခမ်းမြို့အဝင် ရောဂါစစ်ဆေးရေးဂိတ်၌ ဒေသအသီးသီးမှ ခရီးသွားပြည်သူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပြီးကြောင်း ရှိ/မရှိ ကာကွယ်ဆေး ထိုးပြီးကြောင်း လက်မှတ်စစ်ဆေးကာ ကာကွယ်ဆေးလက်မှတ် ပြနိုင်သူများသာ မြို့ထဲအဝင်အထွက် ခွင့်ပြုပြီး ကာကွယ်ဆေး မထိုးရ သေးသူများနှင့် ကာကွယ်ဆေးလက်မှတ် မပြနိုင်သူများကို RDT Test Kit ဖြင့် အချိန်နှစ် တပြေးညီ စစ်ဆေးပေးခဲ့သည်။

 ရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို မြို့အဝင် ရောဂါစစ်ဆေးရေးဂိတ်တွင် နေ့စဉ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယမန်နေ့ နံနက်ပိုင်း (၇)နာရီအချိန်မှ ညနေ(၅)နာရီအချိန်ထိ ရောဂါ ကာကွယ် ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးမထိုး ရသေးသော ပြည်သူများနှင့် ကာကွယ်ဆေး ထိုးပြီးကြောင်းလက်မှတ် မပြနိုင်သူ ပြည်သူ များ(၂၅၇)ဦးရှိပြီး ၎င်းတို့က RDT Test Kit ဖြင့် ရောဂါကူးစက်မှု ရှိ မရှိ စစ်ဆေးခဲ့ရာ (၁၂)ဦးမှာ ရောဂါပိုး တွေ့ရှိသည့်အတွက် လျင်မြန်စွာ ဆေးကုသနိုင်ရေးကို နမ့်ခမ်းမြို့ရှိ ခုတင် (၁၀၀) ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပို့ဆောင် ကုသပေးလျှက်ရှိကြောင်း သိရသည်။

နမ့်ခမ်းမြို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် ထိထိရောက်ရောက် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေး ပရဟိတအသင်းတို့က ရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆိုင်ထွန်း(နမ့်ခမ်း)