သီပေါ နိုဝင်ဘာ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ပုံငွေဖြင့် ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျန်းမာပြီး ကြံ့ကြံ့ခံနိုင်စွမ်းရှိသော ရပ်ရွာလူထုဖြစ်ပေါ်လာစေရန် တည်ဆောက်ခြင်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အရင်းမပျောက် လည်ပတ်ရန်ပုံငွေဆိုင်ရာ စီမံခန့်ခွဲမှုရက်တိုသင်တန်းကို နိုဝင်ဘာလ ၅ ရက်နေ့က သီပေါမြို့ Tai House Resort တွင် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
သင်တန်းတွင် သီပေါမြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးစိုင်းဇော်ဝင်းက ကော်မတီသင်တန်းသား များအနေဖြင့် ကျန်းမာပြီး ကြံ့ကြံ့ခံနိုင်စွမ်းရှိသော ရပ်ရွာလူထုဖြစ်ပေါ်လာစေရန် တည်ဆောက်ခြင်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်မခဲမရှိ တတ်သိနားလည်ကျွမ်းကျင်စွာ ပါဝင်ဆောင်ရွက်နိုင် စေရန် ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ် သင်ကြားပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် ငွေစာရင်းထိန်းသိမ်းနည်းဆိုင်ရာ ဘာသာရပ်ကိုလည်းကောင်း၊ ရန်ပုံငွေအား ကျေးရွာအတွက် မည်သည့် လုပ်ငန်းတွင် အကျိုးရှိစွာ လုပ်ဆောင်မည့် စီမံခန့်ခွဲမှု ဘာသာရပ်များကိုလည်းကောင်း သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ကျန်းမာပြီး ကြံ့ကြံ့ခံနိုင်စွမ်းရှိသော ရပ်ရွာလူထုဖြစ်ပေါ်လာစေရန် တည်ဆောက်ခြင်း စီမံကိန်းလုပ်ငန်းတွင် ပါဝင်မည့် ကျေးရွာ(၆)ရွာမှ ကော်မတီဝင် သင်တန်းသား(၁၂)ဦးအား နည်းပြ(၅)ဦး တို့က သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းကာလမှာ နိုဝင်ဘာ(၅)ရက်နေ့မှ (၆)ရက်နေ့အထိ (၂) ရက်ကြာ မြှင့်ခဲ့ကြောင်း သိရသည်။
ခင်လေး (သီပေါ၊ပြန်/ဆက်)