ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ပေါ်ရှိ စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးကြပ်မတ်

နမ့်ဆန်          နိုဝင်ဘာ       ၇

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ပေါ်ရှိ စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးကြပ်မတ်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးဌာန၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ဖွဲ့စည်းထားသည့် မြို့နယ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ဖြင့် မြို့ပေါ်ရှိ စားသောက်ဆိုင်၊ ကုန်စုံဆိုင် များအား ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ချမှတ်ထားသော စည်းကမ်းများကို လိုက်နာဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ကာကွယ်ရေးအတွက် သတ်မှတ်စည်းကမ်းချက်များဖြင့်သာ ရောင်းချ သွားရမည် ဖြစ်ကြောင်း သိရသည်။

နန်းဆိုင်( ပလောင်ဒေသ)