အိမ်မဲမြို့နယ်တွင် ပြင်းထန်ဒဏ်ရာ ရှေးဦးပြုစုခြင်း (ဆင့်ပွား) သင်တန်း ဖွင့်ပွဲ အခမ်းအနားကျင်းပ

အိမ်မဲ နိုဝင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီ အသင်း၊ ဧရာဝတီတိုင်းဒေသ ကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် အိမ်မဲမြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် ပြင်းထန် ဒဏ်ရာ ရှေးဦးပြုစုခြင်း (ဆင့်ပွား) သင်တန်းဖွင့်ပွဲ အခမ်းအနားကို မြို့နယ်မီးသတ်ဦးစီးဌာနခန်းမ၌ ယနေ့ နံနက် ၈နာရီ အချိန်ကကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် အိမ်မဲမြို့နယ်ကြက်ခြေနီအသင်း နာယက၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်ထွန်းဇော် က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြောင်းမြခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူးဦးတင်ဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ် ချက်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ပြင်းထန်ဒဏ်ရာရှေးဦးပြုစုခြင်း (ဆင့်ပွား) သင်တန်းတွင် သင်တန်းနည်းပြ(၂)ဦးက သင်တန်းသား (၂၀) ဦးကို နိုဝင်ဘာလ (၆၊၇) ရက် စာတွေ့ လက်တွေ့ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ)