ပြင်ဦးလွင် ဩဂုတ် ၁၉
ပြင်ဦးလွင်ဘူတာကြီးမှ မန္တလေး-လားရှိုး ရထားပြေးဆွဲမှုအား ခေတ္တရပ်နားထားခဲ့ပြီး နေရပ်ပြန်များအတွက်အထူးရထားသာပြေးဆွဲခဲ့ရာ ယခု ဩဂုတ်လ ၈ ရက်နေ့မှစ၍ ပုံမှန်ခရီးစဉ်များအား ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။
"မန္တလေး-လားရှိုးခရီးစဉ်ကို ခေတ္တရပ်နားထားပြီး ယခုလ ၈ ရက်နေ့မှစပြီး ပုံမှန်ပြေးဆွဲပေးပါတယ်။ လားရှိုးဘက်ကိုသွားမယ့် ခရီးသည်တွေကတော့ နံနက် ၇ နာရီ ဘူတာမှာလက်မှတ်ဖြတ်ပြီး လိုက်ပါလို့ရပါတယ်၊ လားရှိုးအထိ အထူးတန်း ကျပ် ၄၄၀၀ နဲ့ ရိုးရိုးတန်း ကျပ် ၁၉၀၀ ဖြစ်ပြီး ခရီးသည်တစ်ယောက်ကို ထိုင်ခုံတစ်ခုံသာ လက်မှတ်ဖြတ်ရမှာပါ။ social distancing အရ ခရီးသည်တစ်ဦးကို နှစ်ယောက်ထိုင်ခုံတစ်ခုံစီ သတ်မှတ်စီးနင်းစေပါတယ်၊ လက်မှတ်နှုန်းထားများ ယခင်ကဲ့သို့ ဖြစ်ပေမယ့် ထိုင်ခုံခြားပြီးထိုင်စေခြင်း ဖြစ်ပါတယ်" ဟု ပြင်ဦးလွင်ဘူတာမှရုံပိုင်ကြီး အထူးတန်း ဦးသိန်းကျော်ဌေးက ပြောသည်။
မြတ်ဆုမွန်