ရွှေကူမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ပညာသင် ထောက်ပံ့ကြေးများ ပေးအပ်

ရွှေကူ  ဩဂုတ် ၁၉

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား သမီးများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ခဲ့သည်။

ယင်းသို့ ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ရာတွင် တက္ကသိုလ်အဆင့် တက်ရောက်လျက်ရှိသော ကျောင်းသား ကျောင်းသူ ၄ ဦးအား တစ်ဦးလျှင် ၁၅၀၀၀ ကျပ်၊ အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ ၅ ဦးအတွက် တစ်ဦးလျှင်  ၁၀၀၀၀ ကျပ်၊ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ  ၆ ဦးအတွက် တစ်ဦးလျှင် ၇၀၀၀ ကျပ်၊ မူလတန်းအဆင့် ကျောင်းသားကျောင်းသူ ၁၄ ဦးအတွက် တစ်ဦးလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ကျောင်းသား ကျောင်းသူ ၂၉ ဦးအား ပညာသင် ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ကျော်မျိုးအောင်(ပြန်/ဆက်)