မြစ်ကြီးနား နိုဝင်ဘာ ၅
ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ရွေ့လျားဓာတ်မှန်ရိုက်စက်နှင့် အခြားဆေးရုံသုံးပစ္စည်း များကို ယနေ့ မွန်းလွဲ (၂) နာရီက မြစ်ကြီးနားမြို့နယ် ခုတင် (၅၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံး၌ သွားရောက် လှူဒါန်းခဲ့ကြသည်။
ထိုသို့ သွားရောက်လှူဒါန်းရာတွင် မြစ်ကြီးနားမြို့နယ်အထွေထွေရောဂါကုဆေးရုံကြီးအတွက် ရွေ့လျား ဓာတ်မှန်ရိုက်စက် (၁)လုံးနှင့် ရွေ့လျားအာထရာဆောင်း (၁) လုံးတို့ကို လည်းကောင်း၊ ကချင် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအတွက် သွေးပေါင်ချိန်တိုင်းစက် (၁၀၀)လုံး၊ Oxygen Face Mask (၂၀၀၀) ခုနှင့် အောက်စီဂျင်တိုင်း ကိရိယာ (၁၂၅)ခုတို့ကို လှူဒါန်းခဲ့သည်။
အဆိုပါ လှူဒါန်းရာသို့ ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဘရန်ဒီး၊ ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီဒုတိယ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သွားရောက်လှူဒါန်းခဲ့ရာ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနပြည်နယ် ဦးစီးမှူးဒေါက်တာတင့်နိုင်နှင့် တာဝန် ရှိသူများက လက်ခဲ့ရယူခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)