ကျောက်တလုံးကြီး နိုဝင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌သက်(၅၅)နှစ်အထက်ပြည်သူများ နှင့်ဦးတည်အုပ်စုအလိုက်ပြည်သူများကို ကိုဗစ်-၁၉ရောဂါကာကွယ်တားဆီးနိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီမှ စတင်၍ကက္ကူကျေးရွာ ၊လှိုင်ကွန်းစားသောက်ဆိုင်၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာ ကွယ်ဆေးထိုးနှံ ပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် ကျောက်တလုံးကြီး မြို့၊တိုက်နယ်ဆေးရုံမှကျန်းမာရေးဝန်ထမ်းနှင့်ဟမ်းဆီးကျေးလက်ကျန်းမာရေးဌာနမှကျန်းမာဝန်ထမ်းများတို့ကကက္ကူကျေးရွာအုပ်စု၊ပင်တွန်ကျေးရွာအုပ်စု၊ နောင်ခဲကျေးရွာအုပ်စုနှင့် ကျောက်တလုံးမြို့ပေါ်(၆)ရပ် ကွက်မှအသက်(၅၅)နှစ်အထက် ပြည်သူများ၊ သံယာတော်များ၊ နိုင်ငံဝန်ထမ်းများ၊မသန်မစွမ်းသူများ၊ နာတာ ည်ရောဂါနှင့် မကူးစက်နိုင်သည့်ရောဂါရှိသူများအား ဒုတိယအကြိမ် (Sinopharm) ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးထိုးနှံပေးကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် ကျောက်တလုံးကြီးမြို့၊ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးစောချမ်းနှင့်ဝန်ထမ်းများ၊ ကျောက်တလုံးကြီးမြို့ ကျန်းမာရေးဌာမှ ဒေသခံကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဌာနမှဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့က ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
မြဝင်း(ကျောက်တလုံးကြီး)