မိုင်းရယ်မြို့နယ်၌ ပြည်သူများအား RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး ၁၀ ဦး ထပ်မံတွေ့ရှိ

မိုင်းရယ်   နိုဝင်ဘာ ၅

 ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် ယမန်နေ့က သံသယလူနာများ အဖြစ် ရောက်ရှိလာသူ(၂၂၁)ဦးအား RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ(၇)ဦး တွင်  ကိုဗစ်ပိုးတွေ့ရှိခဲ့ ကြောင်း  မြို့နယ်ကုသရေးနှင့် ကျန်းမာရေးဦးစီး ဌာနမှ သိရသည်။

မိုင်းရယ်မြို့နယ်တွင် ယမန်နေ့အထိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၃၁၁ ဦး၊ ဆေးရုံမှ ဆင်းခွင့်ရသူ ၂၈၅ ဦး၊ သေဆုံးလူနာ ၄ ဦး၊ ဆေးကုသမှုမခံယူခဲ့သူ ၁ ဦးနှင့် ဆေးရုံ၊ မိခင်နှင့် ကလေးဆေးခန်းနှင့် မူကြိုကျောင်းတို့တွင် စောင့်ကြည့်ကုသလျက်ရှိသူ (၂၁)ဦးရှိကြောင်းသိရသည်။ 

မိုင်းရယ်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်း များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများအရောက် အသိပညာပေးနိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိသည်။

ကျော်ဇင်ထိုက်