မိုင်းရယ်မြို့နယ် ပြည်သူ့ဆေးရုံနှင့် ကျေးရွာအုပ်စု ကျေးလက်ကျန်းမာရေးဌာနခွဲများတွင်ကိုဗစ်-၁၉ ကာကွယ်ဆေးများဆက်လက်ထိုးနှံပေးလျက်ရှိ

မိုင်းရယ် နိုဝင်ဘာ  ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ယမန်နေ့ နံနက် ၁၀ နာရီမှစ၍ မိုင်းရယ်မြို့၊ ပြည်သူ့ဆေးရုံနှင့် စလန်းပုန်းထွန်ကျေးလက် ကျန်းမာရေး ဌာနခွဲတို့တွင် အသက်(၁၈) နှစ်အထက်ရှိသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများအား အသီးသီးထိုးနှံပေးခဲ့သည်။

မိုင်းရယ်မြို့၊ ပြည်သူ့ဆေးရုံ၊  စလန်းပုန်းထွန်ကျေးလက်ကျန်းမာရေးဌာနခွဲတို့တွင် အသက်(၁၈)နှစ် အထက် ဒုတိယအသုတ် ဒုတိယအကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေးအား(၅၂၅)ဦးနှင့် တတိယအသုတ် ပထမအကြိမ် (၈၀)ဦးထိုးနှံပြီးစီးခဲ့ပါသည်။ 

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစီုးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက် ခဲ့ကြောင်းသိရသည်။

ကျော်ဇင်ထိုက်