တန့်ယန်းမြို့နယ်တွင် ပါးစပ်၊နှာခေါင်းစည်း Mask မတပ်ဆင်သူများအား မိုဘိုင်းစနစ်ဖြင့် ရှောင်တခင် စစ်ဆေးကြပ်မတ်ဆောင်ရွက်နေ

တန့်ယန်း  နိုဝင်ဘာ  ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ် နိုင်ရန်အတွက် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းကာ အရှိန်အဟုန်မြှင့်၍ အထူး ကြပ်မတ် ဆောင်ရွက်နေရာ မိုဘိုင်းစနစ်ဖြင့် ရှောင်တခင် စစ်ဆေး၍ အသိပညာပေးခြင်းကို အသွား အလာများသော လမ်းဆုံနေရာများဖြစ်သည့် ဗိုလ်ချုပ်လမ်းမကြီး၌ ယနေ့ နံနက်ပိုင်းက ဆောင်ရွက် ကြသည်။

အဆိုပါ အထူးကြပ်မတ် စစ်ဆေးဆောင်ရွက်မှုတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေမိုးဦးနှင့် တာဝန်ရှိသူများ၊  မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် တာဝန်ရှိ ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များက မိုဘိုင်းစနစ်ဖြင့်  မြို့တွင်း၌ သွား/လာနေကြသော ပြည်သူများအား ရှောင်တခင် စစ်ဆေးပြီး  ပါးစပ်နှင့်နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်စေခြင်းတို့ကို အသိပညာပေး ကြပ်မတ်ဆောင်ရွက်ကြသည်။

တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့ များ ပူးပေါင်းကာ ကျန်းမာရေးဆိုင်ရာ အသိပညာပေးရေး လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက် နေကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)