စဉ့်ကိုင်မြို၌ မဲဆန္ဒရှင်စာရင်းများစိစစ်ရေး လုပ်ငန်းညှိနှိုင်း အစည်းဝေးကျင်းပ

စဉ့်ကိုင် သြဂုတ် ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ () ရက်နေ့တွင် ကျင်းပမည့်  ပါတီစုံဒီမိုကရေစီ  အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့်  မဲဆန္ဒရှင်စာရင်းများစိစစ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ  အစည်းအဝေးတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့၀င် ဦးခင်လှိုင်က ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများကို ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကံမြင့်ကမဲဆန္ဒရှင်စာရင်းများကို ဇူလိုင်လ (၁၅) ရက်မှ  သြဂုတ်လ (၁၄) ရက်နေ့အထိ ထုတ်ပြန်ကြေညာထားမှုနှင့်ပတ်သက်ပြီး အမည်ထည့်သွင်းရန် တောင်းဆိုလွှာ ပုံစံ()ဖြင့် လျှောက်ထားသူ (၂၄၉၅)ဦး၊ မဲစာရင်းနှင့်စပ်လျဉ်းသည့် ကန့်ကွက်လွှာပုံစံ()ဖြင့် လျှောက်ထားသူ (၁၀၄၉)ဦး၊  ပြင်ဆင်လွှာ ပုံစံ(-) ဖြင့် လျှောက်ထားသူ (၆၇၈) ဦး ရှိကြောင်း ပြင်ဆင်ရမည့်အခြေအနေများအား သတ်မှတ်ရက်တွင် အမြန်ပြီးစီးရေး ပူးပေါင်းပါ၀င်ဆောင်ရွက်ပေးစေလိုကြောင်းကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ  အတွင်းရေးမှူး ဦးအောင်ဆန်းဦးက မဲဆန္ဒရှင်စာရင်းများမှ တောင်းဆိုလွှာ၊ ကန့်ကွက်လွှာ၊ ပြင်ဆင်လွှာများအား တင်သွင်းလျက်ရှိပြီး ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများအား အမှားအယွင်းမရှိ စနစ်တကျ ဖြစ်စေရေးဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးခဲ့ရာ မြို့နယ်အတွင်း တာ၀န်ပေးသတ်မှတ်ထားသော အဖွဲ့ () ဖွဲ့မှ တာ၀န်ရှိသူများ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦး၀င်း၀င်းစိုးနှင့် ဌာနဆိုင်ရာများမှ ကွင်းဆင်းဆောင်ရွက်မှုအခြေအနေများနှင့် လိုအပ်သည်များကို အသေးစိတ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်ပိုင်ပိုင်ကျော်