မန္တလေးမြို့တွင် မော်တော်ယာဉ်ဥပဒေအကြောင်း အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

မန္တလေး ဩဂုတ် ၁၉

အသစ်ပြဋ္ဌာန်းထားသည့် ၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ်ဥပဒေပါအကြောင်းအရာများကို အများပြည်သူသိရှိစေရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းများ လိုက်နာနိုင်ရေးနှင့် ယာဉ်တိုက်မှု၊ ယာဉ်မဆင်မခြင်မောင်းနှင်မှုများ လျော့နည်းကျဆင်းရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးမြို့၊ ၆၆ လမ်း၊ ၃၂ လမ်းနှင့် ၃၂လမ်းကြားတွင် ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မိုးအောင်၊ အမှတ် (၉၁ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲမှူးလှသိန်းနှင့် တပ်ဖွဲ့ဝင်များ၊ အမှတ် (နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များက မော်တော်ယာဉ်အသုံးပြုသူများကို လက်ကမ်းစာစောင်များ ဝေငှခင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်သည်။ ထို့ပြင် အဆိုပါအဖွဲ့သည် အမှတ် (ရဲစခန်းအပိုင်နယ်မြေအတွင်း အခြားနေရာများတွင်လည်း အလားတူ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ်ဥပဒေသည် မေလ  ၂၆ ရက်နေ့တွင် စတင်အာဏာတည်အသက်ဝင်ကာ ဇွန် ရက်နေ့မှ စတင်၍ ဥပဒေအသစ်နှင့်ပတ်သက်သည်များကို ပြည်သူများသိရှိစေရန် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ဥပဒေသစ်၌ လက်ရှိခေတ်ကာလနှင့်လျော်ညီစေရန် မော်တော်ဆိုင်ကယ်မောင်းနှင်သူများအနေဖြင့် ရှေ့မီးသီးအောက်မီးကို နေ့/ဖွင့်မောင်းနှင်ရန်၊ မော်တော်ယာဉ်များ ပြင်ဆင်ပြောင်းလဲခွင့်၊ ယာဉ်မောင်းလိုင်စင်နှင့် ပတ်သက်သည်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များ စသည့်ပုဒ်မများကို ပြင်ဆင်ထားကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)