ငါန်းဇွန်မြို့၌ မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား အိမ်ထောင်စုတစ်စုလျှင် နှစ်သောင်းကျပ်နှုန်း (ဒုတိယအကြိမ်) ထောက်ပံ့ပေးအပ်ရန် လွှဲပြောင်းပေးအပ်ပွဲကျင်းပ

ငါန်းဇွန်   ဩဂုတ် ၁၉

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား အိမ်တောင်စုများအား အိမ်ထောင်စုတစ်စုလျှင် နှစ်သောင်းကျပ်နှုန်း (ဒုတိယအကြိမ်) ထောက်ပံ့ပေးအပ်ရန်  ထောက်ပံ့ငွေများလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီက ငါန်းဇွန်မြို့လောကနတ်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်း (မြို့နယ်အုပ်ချုပ်ရေးမှူး) က ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား (ဒုတိယအကြိမ်) ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာသော မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄၄) အုပ်စုတို့မှ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားအိမ်ထောင်စုများ၏ လက်ဝယ်အရောက် အလျှင်အမြန်ထောက်ပံ့ပေးအပ်နိုင်ရန် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေနှစ်သောင်းကျပ်နှုန်းဖြင့် မြို့နယ်အတွင်းရှိ အိမ်ထောင်စု (၂၁၁၇၇) စုအတွက် ထောက်ပံ့ငွေ (၄၂၃၅၄၀၀၀၀) ကျပ်ကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ကြသည်။         

သက်နောင်ဦး(ငါန်းဇွန်)