ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာလေမြို့၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲပေးမည့် မဲဆန္ဒရှင်စာရင်းများ လွှဲမှားမှုမရှိစေရန် တိုက်ဆိုင်စိစစ်ရေး လုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

တာလေ        ဩဂုတ်        ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေမြို့၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ လွှဲမှားမှုမ ရှိစေရန် တိုက်ဆိုင်စိစစ်ရေး လုပ်ငန်းအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့ သည်။

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများကို (၂၅.၇.၂၀၂၀) မှ (၁၄.၈.၂၀၂၀) ရက်နေ့အထိ ထုတ်ပြန် ကြေညာခဲ့ရာတွင် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်အမည်များ လွှဲမှားမှု မရှိစေရေးနှင့် ပြည့်စုံ မှန်ကန်စေရန် ပြန်လည်တိုက်ဆိုင်စိစစ်၍ တိကျမှန်ကန် သော ဆန္ဒမဲစာရင်းများ ပြန်လည် ထုတ်ပြန်ပေးနိုင်ရန် တိုက်ဆိုင်စိစစ်ရေး လုပ်ငန်းအဖွဲ့များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကို အမှာစကားပြောကြားရာတွင် ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူတိုင်း မဲပေးခွင့် မဆုံးရှုံးစေရေး မဲဆန္ဒရှင်စာရင်း၌ အမည်ပါဝင်စေရန်နှင့် ပြည်စုံမှန်ကန်စေရန် ပြန်လည်တိုက်ဆိုင်စစ်ဆေးခြင်းများကို ဩဂုတ်လ ၁၉ ရက် နံနက်ပိုင်းမှ စတင်၍ ရပ်ကွက်/ ကျေးရွာအုပ်စုများအလိုက် တိုက်ဆိုင်စိစစ်ရေး အဖွဲ့ဝင်များမှ တစ်အိမ် တက်ဆင်း ကွင်းဆင်းဆောင်ရွက်သွားကြရန်၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲပေးခွင့်မဆုံးရှုံး စေရေးနှင့် မဲစာရင်းတွင် ပါဝင်သင့်သူများအားလုံး ထည့်သွင်းဖြည့်စွက်ခြင်းများ ဆောင်ရွက်ပေး ကြရန်နှင့် လာမည့်အောက်တိုဘာလအတွင်း ရွေး ကောက်ပွဲအတွက် ပြည့်စုံမှန်ကန်သော ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာပေးနိုင်ရေး လုပ်ငန်းများ သတ်မှတ် ကာလအတွင်း အချိန်မီ ပြီးစီးအောင် ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရှိရသည်။

အောင်ကျော်မိုး (ပြန်/ဆက်)