ကြည့်မြင်တိုင် ဩဂုတ် ၁၉
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ရပ်ကွက်များအတွင်း မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ဝင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းဆွေ၊ မြို့နယ် ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်တို့ ဦးဆောင်သော မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်စေရေး ကြီးကြပ် စစ်ဆေးရေးအဖွဲ့(၃)ဖွဲ့မှ တာဝန်ခွဲဝေထားသည့် ရပ်ကွက်အလိုက် ကွင်းဆင်း၍ စိစစ်ရန်ကျန်ရှိသည့် မဲဆန္ဒရှင်စာရင်းများ စိစစ်ဆောင်ရွက်နိုင်ရေး၊ အကြောင်း အမျိုးမျိုးကြောင့် မဲစာရင်းတွင် ကျန်ရှိသူများအား အချက်အလတ်နှင့် စာရင်းပြုစုဆောင်ရွက်နိုင်ရေး၊ မှတ်ပုံတင်ပြုလုပ်ရန် ကျန်ရှိသူ များ မှတ်ပုံတင်ရရှိနိုင်ရန် ဆောင်ရွက်နိုင်ရေးနှင့် မဲရုံများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ပြင်ဆင်ဆောင်ရွက်နိုင်ရေးတို့အတွက် ရပ်ကွက်အုပ်ချုပ် ရေးအဖွဲ့များ၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖ များ နှင့် တွေဆုံကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)