လှိုင် ဩဂုတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၃) ရပ်ကွက်ဘူတာရုံလမ်းနှင့် ဘုရင့်နောင်လမ်း (၁၆) ရပ်ကွက်၊ မာလာမြိုင် (၈)လမ်းနှင့် ဗဟိုလမ်း ရွာမကျောင်းလမ်းနှင့် ဘူရင့်နောင်လမ်းထောင့်တို့၌ မြို့နယ် ရဲတပ်ဖွဲ့မှ စခန်းမှူး ရဲအုပ်သန်းလှိုင်နှင့် တာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ယမန်နေ့ ည ၉ နာရီက ယာဉ်ကြောပိတ်ဆို့ စစ်ဆေးဆောင်ရွက်ခဲ့ ကြကြောင်း သတင်း ရရှိ သည်။
ယာဉ်စစ်ဆေးရာတွင် မြို့နယ်တာဝန်ရှိသူများက အများပြည်သူများ စိတ်အေးချမ်းစွာ နေနိုင်ရေး၊ ဒုစရိုက်မှုခင်းများ မဖြစ်ပေါ်စေရေး တို့ အတွက် လမ်းတလျှောက်ဖြတ်သန်းသွားလာသော ယာဉ်များအား ရပ်တန့်စေပြီး ယာဉ်စည်းကမ်း ဆိုင်ရာ စည်းကမ်းများ၊ လမ်း၏ သတ်မှတ်မိုင်နှုန်းမောင်းနှင်မှုများ၊ ယာဉ်မောင်းရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ သိရှိနားလည်လိုက်နာကြစေရန် ယာဉ်စစ် ပိတ်ဆို့စစ်ဆေးကြောင်း သိရသည်။ ယင်းသို့ စစ်ဆေးပေးခြင်းအားဖြင့် နေ့စဉ်ခရီးသွားပြည်သူများ အတွက် ယာဉ်အန္တရာယ် မတော်တဆ ဖြစ်မှုများနှင့် အခြားမလိုလားအပ်သည့် အန္တရာယ်များ ကင်းဝေး စေရန် စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
ကြည်ဇေသော်(ပြန်/ဆက်)