မိုင်းပျဉ်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

မိုင်းပျဉ်း အောက်တိုဘာ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်ရှိ စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများ အသင်း (Book Club) က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နေ့လယ် နာရီအချိန်က စာဖတ်ဝိုင်းကို ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မြို့နယ်ဉီးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက ပြည်သူများ အသိပညာဗဟုသုတ တိုးတက်ရရှိစေရန်၊ စာပေမှရရှိသော ဗဟုသုတများဖြင့် မိမိ၏ဘဝကို အကောင်းဆုံးပုံဖော်တည်ဆောက်နိုင်စေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြား တတ်စေရန်၊ စာဖတ်သူအချင်းချင်း သူ့အမြင်၊ ကိုယ့်အမြင်များ ဖလှယ်နိုင်စေရန်နှင့် စာဖတ်သည့် အလေ့အထများ ရရှိနိုင်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ စာဖတ်ဝိုင်းကို စာရေးဆရာခင်မောင်ညို(ဘောဂဗေဒ) ဘဝတစ်လျှောက် အောင်မြင် ပျော်ရွင်နည်း စာအုပ်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး စာအုပ်၊ စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club) မှဉက္ကဋ္ဌ ဒေါ်နန်းပင်းတစ်နှင့် အဖွဲ့ဝင်များက လူမှုဆက်ဆံရေးအခြေခံမူများ၊ ငြိမ်းချမ်းပျော်ရွှင်ရေး နည်းလမ်းခုနစ်သွယ်၊ အတွေးတူ၊ အကြံတူအောင်လုပ်နည်းနှင့် ဒေါသ မထွက်၊ စိတ်အနှောင့်အယှက်မဖြစ်၊ ပြောင်းလဲနိုင်စွမ်း စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော စာပေဝါသနာပါ သူများကလည်း ပူးပေါင်း ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိသည်။

စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လစဉ်ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး စာပေဝါသနာ ပါသူများမှလည်း တက်ရောက်ပါဝင်ဆွေးနွေးနိုင်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)