မိုင်းခတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ် (ငွေတိုက်ခွဲ)တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ

မိုင်းခတ် အောက်တိုဘာ ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်(ငွေတိုက်ခွဲ)၌ အငြိမ်းစား ဝန်ထမ်းများ၏ပင်စင်လစာငွေများကို ယမန်နေ့နံနက် ၉ နာရီခွဲအ ချိန်က စတင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

မိုင်းခတ်မြို့နယ်ရှိမြန်မာ့စီးပွားရေးဘဏ်တွင်လစဉ်ထုတ်ယူသည့်အငြိမ်းစားဝန်ထမ်းများမြို့ပြပင်စင်(၂၄)ဦး၊ကာကွယ်‌ရေးပင်စင်(၇၄)ဦး၊ နိုင်ငံရေးပင်စင်(၁၉)ဦး စုစုပေါင်း (၁၁၇)ဦးတို့ကို ဘဏ်ဖွင့်ရက်များတွင် ပုံမှန်ဆက်လက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေး ဘဏ်မန်နေဂျာ ဦးဝင်း‌​​ဇော်ဦးထံမှ သိရသည်။