ရွာသစ်မြို့၌ ကလေးငယ်များအား ဗီတာမင်(A)နှင့် သံချဆေးများတိုက်ကျွေး

ရွာသစ် ဩဂုတ် ၁၈

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် အသက် ၆ လမှ ၅ နှစ် အရွယ်ကလေးများအား ဗီတာမင်(A)နှင့် သန်ချဆေး တိုက်ကျွေးခြင်း လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက မြောက်ပိုင်းရပ်ကွက်ရှိ စတုမာလာဓမ္မာရုံတွင် တိုက်ကျွေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဗီတာမင်အေသန်ချဆေး တိုက်ကျွေးရာတွင် ရွာသစ်တိုက်နယ်ကျန်းမာရေးဌာန အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်ခတ္တာမြင့် နှင့် ဝန်ထမ်းများက ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက် မိမိတို့၏ ကလေးငယ်များအား အစာအာဟာရ ပြည့်ဝစွာ ကျွေးမွေးရန် ပညာပေး ဆွေးနွေးခြင်း၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် ကလေးကိုယ်အလေးချိန် ချိန်ပေးပြီး ကလေးငယ်များအား ဗီတာမင် (A)နှင့် သန်ချဆေးများ တိုက်ကျွေးပေးခဲ့သည်။

ရွာသစ်မြို့အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ ကျန်ရှိနေသည့် ကလေးငယ်များအား ဗီတာမင်(A) နှင့် သန်ချဆေးများ တိုက်ကျွေး နိုင်ရန် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရွာသစ်ကျေးလက် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

နန်းဆွေဆွေအေး(ပြန်/ဆက်)