ကျေးသီး သြဂုတ် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန သည် Mobile Libraryစနစ်ဖြင့်စာအုပ်ငှားရမ်းခြင်းလုပ် ငန်းကိုမြို့နယ်မီးသတ်ဦးစီးဌာန၌ ယနေ့ နံနက် (၁၀) နာရီ အချိန်က သွား ရောက်ဆောင်ရွက်ခဲ့သည်။
ကိုဗစ်-၁၉ကာလအတွင်း လူစုလူဝေးမရှိစေရေး Mobile Library စနစ်ဖြင့် စာအုပ်ငှားရမ်းပေးခြင်း ရပ်နား ထားပြီး ယခုအခါ ကွင်းဆင်းဝန်ဆောင်မှု ပြန်လည်ဆောင်ရွက်ခြင်းဖြင့် ပြည်သူ့စာကြည့်တိုက်သို့ မလာ ရောက်နိုင်သည့် စာဖတ်လိုသူများအတွက် အဆင်ပြေစေရန်နှင့် စာဖတ်သူ၊ စာငှားသူ တိုးပွားလာစေရန် ရည်ရွယ်ခြင်း ဖြစ်ပါကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းမွမ်းဆိုင် က ရှင်းပြသည်။
အဆိုပါMobile Library စနစ်ဖြင့် စာအုပ်များငှားရမ်းရာတွင် သုတ/ရသ စာအုပ်များ၊ မဂ္ဂဇင်းစာအုပ်တို့ကို ဦးစားပေး သယ်ဆောင်ငှားရမ်းပေးပြီး အခြားဌာနများသို့လည်း လစဉ် ပုံမှန်ဝန်ဆောင်မှုပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သဲစုပိုင်(ပြန်/ဆက်)