ထားဝယ် သြဂုတ် ၁၈
၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူတိုင်းမဲပေးနိုင်ရေးအတွက် လိုအပ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ထားဝယ်မြို့၊ ဒေါင်းငူရပ်ကွက်ရှိ ဒေသခံပြည်သူများအားကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီနိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်၊
ထိုကဲ့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် ထားဝယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်နိုင်နှင့် ဝန်ထမ်းများက အသက် (၁၀) နှစ်မှ (၁၈) နှစ်ပြည့် ပြောင်းလဲဆောင်ရွက်ပေးသူ (၂၆) ဦးနှင့် အသက် (၁၈) နှစ်ပြည့် (၄) ဦး စုစုပေါင်း (၃၀) ဦးတို့အား ကိုဗစ် ၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်ကျော်လတ်