သန်လျင် ဩဂုတ် ၁၈
၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ အသိပညာပေး လက်ကမ်းစာစောင်များကို မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ အမှတ်(၈)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (ရန်ကုန်တောင်ပိုင်းခရိုင်)၏ စီစဉ်မှုဖြင့် သန်လျင်မြို့နယ်အတွင်း ဖြတ်သန်းမောင်းနှင် လျက်ရှိသော မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ် မောင်းနှင်သူ ယာဉ်မောင်းများအား သန်လျင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ထွန်းထွန်းဦးနှင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့ ဝင်များ၊ တာဝန်ရှိသူများက ဖြန့်ဝေပေးလျက်ရှိသည်။
အဆိုပါလက်ကမ်းစာစောင်တွင် ၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေအရ ပြစ်မှု၊ ပြစ်ဒဏ်များ၊ လိုက်နာရန် စည်းကမ်း ချက်များ၊ သူတစ်ပါးထိခိုက်မှု အာမခံနှင့် စပ်လျဉ်းသည့် သိသင့်သိထိုက်သည့်အချက် များ၊ လိုင်စင်မဲ့ယာဉ်မောင်းနှင်ခြင်း၊ ယာဉ်ပိုင်ရှင်၊ အမည်၊ ရုပ်ပြောင်းလဲခြင်း၊ စစ်ဆေးချက်လက်မှတ်၊ ပြုပြင် ပြောင်းလဲခြင်း၊ နံပါတ်ပြားအတုတပ်ဆင်အသုံးပြုခြင်းစသည့် မော်တော်ယာဉ်နှင့် ပတ်သက်သော အရေးယူ ဆောင်ရွက်မည့် သိမှတ်ဖွယ်ရာများကို ဝေဝေဆာဆာဓာတ်ပုံ မှတ်တမ်းများဖြင့် ဖော်ပြ ထားသည်။
သန်လျင်မြို့နယ်အတွင်း ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် အပတ်စဉ် ၂၀၂၀ ပြည့်နှစ် မော်တော် ယာဉ်စီမံခန့်ခွဲမှု ဥပဒေ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
သန်းဝင်း(သန်လျင်)