မြစ်သား သြဂုတ် ၁၈
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစ်သားမြို့နယ်အတွင်း Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်သောလုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
လုပ်ငန်းများစစ်ဆေးရာတွင် Cash for Work စီမံကိန်းဖြင့်ဆောင်ရွက်သော တဲကြီးကျေးရွာ ရေနှုတ်မြောင်းတူးခြင်း လု်ပငန်း(၄၁၇၀ ပေ X ၂ ပေ X ၂ ပေ)နှင့် ရွာတွင်းလမ်းဂျင်းခင်းခြင်းလုပ်ငန်း(၂၀၀၀ ပေ X ၁၆ ပေ X ၉ လက်မ)၊ မှိုင်းဟုန်ကျေးရွာဂျင်းခင်းခြင်း(ဂျင်း ၁၃၀၀ ပေ X ၁၂ ပေ X ၃ လက်မ) (ဂျင်း ၁၆၀၀ ပေ X ၁၄ ပေ X ၃ လက်မ)၊ ဂျင်း ၂ X (၆၀၀ ပေ X ၂ ပေ X ၁၀ လက်မ)လုပ်ငန်း၊ ကျောက်မှုန့်တင်ခြင်းလုပ်ငန်း (ကျောက် ၁၃၀၀ ပေ X ၁၂ ပေ X ၂ လက်မ)၊ (ကျောက် ၁၆၀၀ ပေ X ၁၄ ပေ X ၂ လက်မ)နှင့် အမှိုက်ကျင်းတူးဖော်ခြင်း(၇၅ ပေ X ၃၀ ပေ X ၆ ပေ)လုပ်ငန်းများဖြစ်ပြီး အဆိုပါလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျောက်ဆည်ခရိုင်ဦ:စီးမှူး ဦးမျိုးမင်းသန့်၊ မြို့နယ်ဦးစီးမှူး ဦးကိုကိုအောင်နှင့်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ခြင် းဖြစ်သည်။
မြစ်သားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် နိုင်ငံတော်ကချမှတ်ထားသော ကိုဗစ်−၁၉ ကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ် Covid-19 Economic Relief Plan(CERP)အရ ကျေးလက်နေပြည်သူများ၏ မိသားစုများဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်တွင် Cash for Work စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
ဆုမွန်(ပြန်/ဆက်)