ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ မြို့နယ်သတင်းစာ ဆရာအသင်းဥက္ကဋ္ဌမှ နှာခေါင်းစည်း (Mask)များ လာရောက်လှူဒါန်း

ဒဂုံမြောက် သြဂုတ် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ယနေ့ နေ့လယ် ၁ နာရီက မြို့နယ်သတင်းစာ ဆရာအသင်းဥက္ကဋ္ဌ ဦးညွန့်ဝေမှ နှာခေါင်းစည်း (Mask) များ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ နှာခေါင်းစည်း(Mask)များ လှူဒါန်းမှုအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး မြို့နယ်သတင်းစာ ဆရာအသင်းဥက္ကဋ္ဌ ဦးညွန့်ဝေမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ အသုံးပြုရန်အတွက် လာရောက်လှူဒါန်းခြင်း ဖြစ်ကြောင်း ပြောကြား သည်။

မြင့်ရီ(ပြန်/ဆက်)