ဒဂုံမြောက် ဩဂုတ် ၁၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် နိုင်ရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ သီရိဝင်းဆွေထွန်း၊ ဒေါက်တာနော်ဆုဆုလွင်၊ ကျန်းမာရေးမှူး ဒေါ်စန်းစန်းဦးတို့ ဦးဆောင်သော အဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ (၄၁)ရပ်ကွက်၊ (၅၁) ရပ်ကွက် အတွင်းရှိ နေအိမ်များအား ယနေ့နံနက် ၈ နာရီက တစ်အိမ်တက်ဆင်း အဘိတ်ဆေးခက်၍ အသိပညာပေး ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် မိုးရာသီကာလအတွင်း ခြင်များပေါက်ဖွားမှုမှ ကာကွယ် နိုင်ရန် မြို့နယ် အတွင်း နေထိုင်သော ပြည်သူများသွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေး အတွက် ရေသိုလှောင်ထားရာ ရေတိုင်ကီများ၊ အုတ်ကန်များသို့ အဘိတ်ဆေးခတ်ခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်း၊ သွေးလွန်တုပ်ကွေး ကာကွယ်ရေး အသိပညာ ပေး အဓိကသတင်းစကား(၈)ချက်အား လက်ကိုင်အသံချဲ့စက်ဖြင့် နိုးဆော်ခြင်းတို့ကို အသိပညာပေး ဆောင်ရွက် ခဲ့ ကြောင်း သိရသည်။
မြင့်ရီ(ပြန်/ဆက်)