သာကေတမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်မဆုံးရှုံးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

သာကေတ ဩဂုတ် ၁၈

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်မဆုံးရှုံးနိုင်ရေးအတွက် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသေးသူများအား ယနေ့ နံနက်(၁၀) နာရီ အချိန်၌ ရန်ကုန်အရှေ့ပိုင်း ခရိုင်၊ သာကေတမြို့နယ် ၄/တောင် ရပ်ကွက်ရှိ သာသနာ့ဝေပုလ္လဓမ္မာရုံတွင် ကွင်းဆင်း၍ နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ် ပေးခဲ့သည်။

သာကေတ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းတွင်ပါဝင်ပြီး အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိ သေးသူများ အား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဇူလိုင်လ(၇)ရက်နေ့မှစပြီး အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူးနေ့တိုင်း ရပ်ကွက်အလိုက် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကာ သာကေတမြို့နယ် အတွင်းရှိ ရပ်ကွက်(၁၉)ရပ်ကွက် တွင် ရပ်ကွက်(၁၁) ရပ်ကွက်အား ကွင်းဆင်းဆောင်ရွက်ပြီးစီးပြီး လူဦးရေ (၈၈)ဦးအား ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ကိုဘုန်း(ပြန်/ဆက်)