မိုးနဲ၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP)အစီအစဉ်ဖြင့် မျိုးစေ့ထုတ်လုပ်ငန်း Rs to Cs စိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့တန်ဖိုးနှင့်စိုက်ပျိုးထုတ်လုပ်မှုစရိတ် ထောက်ပံ့ ပေးအပ်

မိုးနဲ       ဩဂုတ်     ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်၊စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP)အစီအစဉ်ဖြင့် နမ့်မော်ဆွမ့်ကျေးရွာအုပ်စု ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြ ကျေးရွာတွင် ဆောင်ရွက်သည့် မျိုးစေ့ထုတ်လုပ်ငန်း  Rs to Cs စိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့တန်ဖိုးနှင့်စိုက်ပျိုးထုတ်လုပ်မှုစရိတ် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် နာရီ အချိန်က အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မိုးနဲမြို့နယ် မဲဆန္ဒနယ်အမှတ်() ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်း မွမ်းလိန် ၊လင်းခေးခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးမင်းသန်း ၊မိုးနဲမြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထက် တို့က အဖွင့်အမှာစကား အသီးသီး ပြောကြားခဲ့ပြီး စိုက်ပျိုးရေး ဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးဇော်မော်ဦးက  (CERP) အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား မျိုးစေ့တန်ဖိုးနှင့်စိုက်ပျိူးစရိတ် ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ဆောင်ရွက်သော  Rs to Cs မျိုးစေ့ ထုတ်လုပ်သူ တောင်သူများအား ထောက်ပံ့ပေးရေးအစီအစဉ်အရ မိုးနဲမြို့နယ်၏ မျိုးစေ့ထုတ် ဧက(၅၀) စိုက်ပျိုးမည့်တောင်သူ (၃၁)ဦးအား တစ်ဧကလျှင် မျိုးစေ့ဖိုး (၈၅၀၀)ကျပ်နှင့် စိုက်ပျိုးပြုစုခြင်း အတွက် (၇၅၀၀၀)ကျပ် စုစုပေါင်း(၈၃၅၀၀)ကျပ်အား ဧက(၅၀)အတွက် (၄၁၇၅၀၀၀)သိန်းကို တာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးအပ်ခဲ့ပြီး ဒုတိယအစီအစဉ်အရ လာမည့်စက်တင်ဘာလ မျိုးကွဲပယ်ချိန်တွင် တစ်ဧက (၅၀၀၀၀)ကျပ်နှုံးဖြင့် ဧက(၅၀)အတွက် (၂၅၀၀၀၀၀)သိန်းကျပ်အား ပေးအပ်သွားမည်ဖြစ်ပြီး ရိတ်သိမ်းချွေလှေ့သန့်စင်ခ ဧက(၅၀) အတွက်(၇၅၀၀၀၀) ကျပ်ကိုလည်း လုပ်ငန်းအချိန်နှင့်ခွဲဝေထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း  နှင့် မျိုးစေ့ထုတ်လုပ်ငန်းနှင့်စပ်လျဉ်း၍ နည်းပညာပေး သင်တန်းကိုလည်း ဆက်လက် ပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးညွန့်ရွှေ ( မိုးနဲ )