ကော့ကရိတ်မြို့နယ်အတွင်း နိုင်ငံသားစိစစ်​​ရေးကတ်ပြားများ​ မြေပြင်ကွင်းဆင်း၍​ဆောင်ရွက်​ပေး

​ကော့ကရိတ် သြဂုတ် ၁၈

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ၂၀၂၀ပြည့်နှစ် ဩဂုတ်လ (၇) ရက်နေ့မှစ၍ ကျေးရွာများသို့ကွင်းဆင်း၍  ပြုလုပ်​ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ရည်ရွယ်၍ အသက် (၁၈) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများအား ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ပြီး  ​ကော့ကရိတ်မြို့​နယ်တွင် ကျေးရွာအုပ်စု (၈) အုပ်စုမှ အသက် (၁၀) နှစ်ပြည့် (၃၆၀) ဦး၊ အသက် (၁၈) နှစ်ပြည့် (၇၄၈ )ဦး စုစု​ပေါင်း (၁၁၀၈) ဦးနှင့်အိမ်​​ထောင်စု လူဦး​ရေစာရင်းများအား ပြုလုပ်ဆောင်ရွက်‌ပေးခဲ့သည်။

အဆိုပါကွင်းဆင်းဆောင်ရာတွင် ​​ကော့ကရိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးနှင့် သတ်မှတ်​နယ်​မြေအလိုက် တာဝန်ကျဝန်ထမ်းများ ​ကျေးရွာအုပ်စု အုပ်ချုပ်​ရေးမှူးများမှ ပူး​ပေါင်း​ဆောင်ရွက်​ပေးလျက်ရှိ​ကြောင် းသိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)