ကော့သောင်း ဩဂုတ် ၁၈
ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးနံရံကပ်စာစောင်နှင့် ဓာတ်ပုံခင်းကျင်းပြသအသိပညာပေးမှုအစီအစဉ်ကို ယနေ့နံနက်ပိုင်းက ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးရှေ့ တွင်ပြုလုပ်သည်။
ခင်းကျင်းပြသထားရှိမှုတွင် လူကုန်ကူးမှုဖြစ်စဉ်များပေါ်ပေါက်လာသည့် သမိုင်းကြောင်း၊ လူကုန်ကူးမှုနှင့် လူမှောင်ခိုမှုအကြောင်း သိသင့်သိထိုက်သည်များ၊ ကျောင်းသားကျောင်းသူများ သိထားအပ်သည့် နယ်စပ်ဖြတ်ကျော် လူပွဲစားနှင့်လူကုန်ကူးသူများ၏ အန္တရာယ်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေဆိုင်ရာပုဒ်မများနှင့် အပြစ်ပေးအရေးယူမှုဆိုင်ရာ သိသင့်သိထိုက်သည်များကိုလည်း ကောင်း၊ သက်ငယ်မုဒိန်းမှုအန္တရာယ်နှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာသိသင့်သိထိုက်သည်များ ကလေးသူငယ်ကာကွယ် စောင့်ရှောက်မှုဆိုင်ရာဆောင်ရွက်ချက် သိကောင်းစရာနံရံကပ်စာစောင်များနှင့်ဓာတ်ပုံများအား ဗီနိုင်းပိုစတာကြီးဖြင့် ရိုက်နှိပ်ခင်းကျင်းပြသထားရာ လမ်းသွားလမ်းလာပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)