တွံတေးမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများထဲမှ နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများအား ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိ

တွံတေး    သြဂုတ် ၁၈

၂၀၂၀ပြည့်နှစ်နိုဝင်ဘာ()ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက်  ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများထဲမှ နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများအားရန်ကုန်တောင်ပိုင်းခရိုင်၊ ၊တွံတေးမြို့နယ် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာနမှ ယမန်နေ့ နံနက်ပိုင်းက တွံတေးဝကျေးရွာအုပ်စု၊ တွံတေးဝကျေးရွာရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသည့် ပြည်သူများကို ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများ၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ စာရင်းတွင် အမည်ပါရှိပြီး နိုင်ငံသားစိစစ် ရေးကတ်ပြားမရှိဟု ဖော်ပြ ထားသူများကို ကွင်းဆင်းစိစစ်ခြင်း၊ မည်သည့်ကတ်ပြား မျှ မကိုင်ဆောင်ရသေးသူများအား ရရှိသည့် ကတ်ပြား တခုခု ထုတ်ပေးနိူင်ရေးအတွက် လုပ်ငန်းစီမံချက် ရေးဆွဲပြီးအရှိန်အဟုန်မြှင့်၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ယင်းသို့ဆောင်ရွက်ရာမှာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဆိုင်ရာနှင့်ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပေါင်းစပ်ညှိနှိုင်းကာ နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

မျိုးလှိုင်(တွံတေး)