သုံးခွမြို့နယ်အတွင်း သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံရေးအတွက် ရပ်ကွက်/ကျေးရွာ အုပ်စုများသို့ စာရင်းများကောက်ယူ

သုံးခွ သြဂုတ် ၁၈

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်တွင် သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး Human Papilloma Virus (HPV) ပထမအကြိမ် ထိုးနှံခြင်းကို ထည့်သွင်းနိုင်ရန် လျာထားပြင်ဆင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ထိုးနှံမှုတွင် အသက် ၉ နှစ်မှ ၁၀ နှစ် ပြည့်ပြီးသူ  အမျိုးသမီးများအား ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

သို့ဖြစ်ပါ၍ ရန်ကုန်‌တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် မိမိတို့၏ သမီးငယ်များအား ကျန်ရှိမှုမဖြစ်စေ ရေး အတွက် ကျန်းမာ‌ရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်(၁၂)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၆၄) အုပ်စုရှိ အသက် ၉ နှစ်မှ ၁၀ နှစ် ပြည့်ပြီးသူ မိန်းက‌လေး(၁၆၅၄)ဦးအား အိမ်တိုင်ရာ‌ရောက်စာရင်းများ ကောက်ယူခဲ့ ကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်