ဘုရားသုံးဆူ ဩဂုတ် ၁၈
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ကိုဗစ် − ၁၉ ရောဂါကြောင့် စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (Covid-19 Economic Relief Plan-CERP) အရ ဆင်းသုခမျိုးစေ့ထုတ်စိုက်ခင်း ၁၀ ဧကစိုက်ပျိုးနေမှုအား ယနေ့ နံနက် ၈ နာရီအချိန်က စိုက်ပျိုးခဲ့ပါသည်။
အဆိုပါ ဆင်းသုခမျိုးစေ့ထုတ်စိုက်ခင်းကို ဘုရားသုံးဆူမြို့၊ ကြိမ်ချောင်းကျေးရွာနေ ဦးစောအေဝမ်း၏ လယ်မြေတွင် စိုက်ပျိုးခြင်းဖြစ်ပြီး မျိုးစေ့ထုတ်စိုက်ခင်းများ စနစ်တကျအောင်မြင်ဖြစ်ထွန်းရေးအတွက် မြို့စိုက်ပျိုးရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးဝေဖြိုးအောင်က နည်းပညာပေးခြင်းလုပ်ငန်းများကို ကြီးကြပ်ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေတောင်သူများ ဝင်ငွေတိုးပွားလာစေရန်၊ ဒေသခံပြည်သူများ အလုပ် အကိုင်အခွင့်အလမ်းနှင့်နည်းပညာများရရှိလာစေရန်နှင့် ကိုဗစ် - ၁၉ ရောဂါကြောင့် ဒေသတွင်း မျိုးစေ့အခက်အခဲမရှိစေရန် CERP အစီအစဉ်ဖြင့် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
စောရဲဝင်းထွဋ် (ပြန်/ဆက်)