လှိုင်းဘွဲ ဩဂုတ် ၁၈
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ကာလမတိုင်မီနှင့် ကိုဗစ်-၁၉ကာလအတွင်း စီးပွားဖြစ် မွေးမြူထားရှိသော မွေးမြူရေးခြံများသို့ ကွင်းဆင်း၍ စစ်တမ်းကောက်ယူခြင်းကို ယမန်နေ့က ကမော့ကချူး ကျေးရွာ မွေးမြူရေးဇုန်၌ သွားရောက်၍ စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်တမ်းကောက်ယူရာသို့ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာခင်ငယ်အောင် ဦးဆောင်၍ လှိုင်းဘွဲမြို့နယ် ဦးစီးမှူး ဒေါက်တာစိုးအောင်နှင့်တာဝန်ကျဝန်ထမ်းများက ကမော့ကချူးကျေးရွာ မွေးမြူရေးဇုန်ရှိ အသားစားကြက်ခြံ၊ ဥစားကြက်ခြံ၊ အသားတိုးဝက်ခြံ၊ မျိုးဝက်ခြံများကို ကိုဗစ်-၁၉ ကာလမတိုင်မီနှင့် ကိုဗစ်-၁၉ကာလအတွင်း မွေးမြူသူများအား ကြုံတွေ့နေရသော အခက်အခဲများ၊ မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သောအထောက်အပံ့များ စသည်တို့ကို ကျေးရွာအရောက်ကွင်းဆင်း၍ စစ်တမ်းကောက်ယူခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)