တာချီလိတ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ အောင်မြင်စွာ ပြီးမြောက် နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တာချီလိတ် ဩဂုတ် ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်တွင် ၂၀၂၀-ပြည့်နှစ်၊ပါတီစုံဒီမိုကေရစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ဆန်ဆိုင်း(က) ရပ်ကွက်၊ ပုံလို့လမ်းရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပပြုလုပ် ခဲ့ကြောင်းသိရှိရသည်။

ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်မင်းမှ အမှာစကားပြောကြား ခြင်းနှင့် မဲဆန္ဒရှင်စာရင်းပြုစုရာတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအားလုံး ပါဝင်နိုင်ရေးအတွက် မြို့နယ်မဲဆန္ဒရှင်စာရင်း စိစစ်ပြုစုရေး လုပ်ငန်းကော်မတီဝင်များအနေဖြင့်  အထူးအေလးထား ဆောင်ရွက်ပေးကြရန် မေတ္တာ ရပ်ခံ လိုပါကြောင်းပြောကြားပြီး ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်၏ ဉပဒေပုဒ်မ(၁၂)နှင့်အညီ ကြီးကြပ် လမ်းညွန်မှုများ၊လုပ်ငန်းကြီးကြပ်ရေးအဖွဲ့အဆင့်ဆင့်၏  ချမှတ်သော မူဝါဒညွန်ကြားချက်များနှင့်အညီ လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်သွားနိုင်ရေး သိရှိလိုက်နာရန်လိုအပ်သော အချက်အလက်များကို ရှင်းလင်းပြခဲ့သည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒေါ်အေးသန္တာစိုး(တွဲဖက်အတွင်းရေးမှူး)က ကြိုတင်ဆန္ဒမဲ ပေးသူများနှင့်ပတ်သက်၍ သတ်မှတ်စည်းမျဉ်း စည်းကမ်းကို ရှင်းလင်းပြခြင်း၊ကြိုတင် မဲများ အား သက်ဆိုင်ရာ မဲရုံသို့ သတ်မှတ်ချိန်အတွင်း အချိန်မီ ပေးပို့နိုင်ရေးများကို ရှင်းလင်းပြခဲ့သည်။

 ၂၀၂၀ ပြည့်နှစ်၊နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကေရစီ အေထွေထွေ ရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ရုံးများနှင့် ကျေးရွာ အတွင်း  သတ်မှတ်နေရာတွင် (၂၅-၇-၂၀၂၀) မွ (၁၄-၈-၂၀၂၀) ရက်နေ့ထိ နောက်တိုး ၇ ရက် (၂၁-၈-၂၀၂၀) ထိ အမည်စာရင်းများကို ကြေငြာကပ်ထားပြီး ပြည်သူများအနေဖြင့်  မိမိ၏ အမည် ပါရှိမှု ရှိ/မရှိ အချက်အလက်များ  မှန်ကန်မှု ရှိ/မရှိ သွားရောက်ကြည့်ရှု စစ်ဆေးရန် လိုအပ်ကြောင်းသိရှိရသည်။

ယာဆေး (ပြန်/ဆက်)