မြစ်ကြီးနား ဩဂုတ် ၁၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြိုနယ်တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို မြို့နယ်အတွင်း ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဇူလိုင် (၂၅) ရက်မှ ဩဂုတ် (၁၄) ရက်နေ့အထိ ပထမအကြိမ် ကပ်ထားပေးရာတွင် လာရောက်ကြည့်ရှုသူ ဦးရေ (၆၅၂၂၉) ဦးခန့်ရှိကြောင်း သိရှိရသည်။
မြစ်ကြီးနားမြို့နယ်တွင် မဲစာရင်းအမည်စာရင်းမပါရှိ၍ ပုံစံ (၃)ဖြင့် လာရောက်လျှောက်ထားသူ (၄၂၇၆)ဦး၊ မဲစာရင်းတွင်မပါဝင်သင့်သူများ ပါဝင်နေ၍ ပုံစံ (၄)ဖြင့် လာရောက် ကန့်ကွက်သူ (၂၁၇၂) ဦး၊ မဲစာရင်းတွင် ကိုယ်ရေးအချက်အလက်များ မှားယွင်းနေသဖြင့် ပြင်ဆင်ရန် ပုံစံ (၄-ဂ)ဖြင့် လာရောက်လျောက်ထားသူ (၂၈၈၄) ဦးရှိပြီး မြစ်ကြီးနား မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု (၆၀)ရှိပြီး မဲရုံ ပေါင်း(၁၃၃)ရုံနှင့် လက်ရှိချိန်ထိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေ (၂၂၇၉၄၂) ဦးခန့်ရှိကြောင်း မြိုနယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အတွင်းရေးမှူးထံမှ သိရှိရသည်။
စိန်ဝင်း(ပြန်/ဆက်)