လောက်ကိုင်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ အား ကျပ်နှစ်သောင်းစီ ထောက်ပံ့ပေးအပ်

လောက်ကိုင်       ဩဂုတ်          ၁၈

ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်နန်းရွှေမြင့်သည် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ၊ လောက်ကိုင်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင် များနှင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ကျပ်နှစ်သောင်းစီ ထောက်ပံ့ခြင်းကို ယမန်နေ့က ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ရာတွင် ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့ နာယက ဒေါ်နန်းရွှေမြင့် နှင့်အဖွဲ့ဝင်များသည်ခရိုင်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်ထွန်းငြိမ်းနှင့်ဆေးရုံရှိ ဆရာ/ဆရာများနှင့်အစည်းအဝေးခန်းတွင်တွေ့ဆုံကာ  ဆေးကုသမှု ခံယူနေသော ကလေးငယ်များအတွက် အာဟာရမှုန့်များနှင့် ကိုယ်ဝန်ဆောင်မိခင် (၁၀)ဦးအတွက် ကျပ်နှစ်သောင်းစီ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်နန်းရွှေမြင့် သည် အမှတ်(၃) ရပ်ကွက်၌ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် ပက်သက်၍ အသိပညာပေးဟောပြောပွဲ အခမ်းအနားတွင်  အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြည်သူ့ ဆေးရုံကြီးမှ ဒေါက်တာ ပြည့်စုံက COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့်ပက်သက်၍ အသိပညာပေး ဟောပြောပွဲခြင်းကို ပရိုဂျက်တာ ဖြင့် ရှင်းလင်းပြသ ဆောင်ရွက်ကာ ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်နန်းရွှေမြင့် က အမှတ်(၃) ရပ်ကွက်အတွင်းရှိ ပုံမှန် ဝင်ငွေမရှိသော အခြေခံလူတန်းစား ကျား(၁၅)ဦး၊ မ(၃၅)ဦး စုစုပေါင်း (၅၀)ဦးအတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် ကျပ် နှစ်သောင်းစီအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်ဇော်အောင် (ပြန်/ဆက်)