မြိတ်မြို့နယ်၌ မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်းကော်မတီ ဖွဲ့စည်း

မြိတ် သြဂုတ် ၁၈

မြိတ်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိနိုင်ရန် မဲဆန္ဒရှင်စိစစ်ရေးလုပ်ငန်းကော်မတီကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က ဥပဒေအထောက်အကူပြုရုံး (ပြည်သူ့ဝန်ဆောင်မှုရုံးအပေါ်ထပ်) ခန်းမ၌ ဖွဲ့စည်းခဲ့သည်။

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးငွေဝင်းက မဲဆန္ဒရှင်စိစစ်ရေးလုပ်ငန်းကော်မတီဝင်များကို ယခင်မူလမဲဆန္ဒရှင်များ ပါ/မပါ၊ ပုံစံ(၃)ဖြင့် ပြန်လည်ဖြည့်သွင်းသော အရေအတွက်၊ ပုံစံ(၄)များဖြင့် ပယ်ဖျက်သောအရေအတွက် မှန်/မမှန် အချက် အလက်မှားယွင်းသဖြင့် တင်သွင်းသည့် ပုံစံ(၄-ဂ)များကို ပြင်ဆင်ဆောင်ရွက် ပြီး/မပြီးနှင့် စိစစ်ပြီးပါက စာမျက်နှာတိုင်းတွင် လက်မှတ်ရေးရန်နှင့် မြို့နယ်ရွေးကောင်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌထံအပ်နှံရန်လိုအပ်ကြောင်း ပြောကြားသည်။ အဆိုပါ မဲဆန္ဒရှင်စိစစ်ရေးလုပ်ငန်းကော်မတီဝင်များအနေဖြင့် ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် စိစစ်မည့်နေ့ရက်၊ စိစစ်မည့်အချိန်နှင့် စာရင်းသွင်းမည့်နေ့ရက်တို့ကို သတ်မှတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝါဝါခိုင် (မြိတ်ခရိုင်-ပြန်/ဆက်)