အင်းစိန် GTI ကျောင်းရှေ့စင်္ကြန်နှင့်ရေမြောင်းကြား မြေလွတ်များတွင် အလှပင်၊ ဂျပန်မြက်အလှ စိုက်ခြင်းများ ဆောင်ရွက်

ရန်ကုန် ဩဂုတ် ၁၇

ရန်ကုန်တိုင်းဒေသကြီ၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မြိုနယ်သန့်ရှင်း သာယာလှပစေရန် ရည်ရွယ်၍ အင်းစိန် GTI ကျောင်းရှေ့စင်္ကြန်နှင့် ရေမြောင်းကြား မြေလွတ်များတွင် အလှပင်၊ ဂျပန်မြက်အလှ စိုက်ခြင်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ သည်။

ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာ ဝန်ရှိသူများသည် မြို့နယ် ပန်းဉယျာဉ်နှင့် အားကစားကွင်းများဌာနမှ တာဝန်ခံ ဒေါ်ဌေးဌေးဝင်း နှင့်အဖွဲ့၏ အင်းစိန်စက်မှုလက်မှု သိပ္ပံ(GTI) ကျောင်းရှေ့စင်္ကြန်နှင့် ရေမြောင်းကြား မြေလွတ်များတွင် ကျောင်း၏ဂုဏ်သိက္ခာနှင့်အညီ သာယာလှပစေရန် ပန်းအလှပင် များစိုက်ခြင်း၊ ဂျပန်မြက် အလှစိုက်ခြင်းများ ဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်၍ တာဝန်ခံမှ ဆောင်ရွက် ထားရှိမှုများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တင်ပြရာ ဥက္ကဋ္ဌမှ လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)