ကွန်ဟိန်း ဩဂုတ် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်း ပေးခြင်းအား ယနေ့ နံနက်ပိုင်းတွင် မြို့နယ်စာရင်းစစ်ရုံးနှင့် အိမ်တွင်းမှု သင်တန်းကျောင်းများသို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ဝန်ထမ်းများမှ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Mobile Library စနစ်ဖြင့် စာအုပ်များငှါးရမ်းပေးခြင်းအား စာကြည့်တိုက်သို့ ကိုယ်တိုင်မလာရောက်နိုင်သည့် စာပေဝါသနာရှင်များ စာပေဖတ်ရှုနိုင်စေရန်၊ စာပေဖတ်ရှု့မှုနှုန်း တိုးတက်လာစေရန် ရည်ရွယ်၍ စာဖတ်သူများ လက်ဝယ် အရောက်ငှားရမ်းပေးခြင်း ဖြစ်သည်။အဆိုပါ ဆောင်ရွက်ခြင်းအား ကိုဗစ်-၁၉ ရောဂါကြို တင် ကာကွယ်ရေး အတွက် ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး အပတ်စဉ် သွားရောက် လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)