ရန်ကုန် ဩဂုတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ရေမြောင်းများ အတွင်း အမှိုက်များ ပိတ်ဆို့မှု မရှိစေရန် ရည်ရွယ်၍ မိုးရာသီကာလအတွင်း ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၈)နာရီ အချိန်က ဆောင်ရွက်ခဲ့ သည်။
ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများ သည် ခရိုင်ရေစီး ရေလာနှင့် ရေဆိုး စီမံခန့်ခွဲမှု လုပ်ငန်းတာဝန်ခံအဖွဲ့မှ AE ဦးသန်းထွန်း တာဝန်ယူ ဆောင်ရွက်လျက်ရှိသော တောင်သူကုန်း ရပ်ကွက်၊ စောလေးကျင့်ကုန်းလမ်း အုတ်ရေမြောင်းဖုံး ပြုလုပ်နေ သည့် လုပ်ငန်းခွင်သို့ သွားရောက်၍ လုပ်ငန်းအခြေအနေ များနှင့် ပြီးစီးမှုအခြေအနေကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူများသည် မြို့နယ်လမ်းတံတားဆိုင်ရာ လုပ်ငန်းတာဝန်ခံ အဖွဲ့မှ AE ဦးသန်းဦး တာဝန်ယူဆောင်ရွက် နေသော မင်းကြီးလမ်း၊ ဘိုကုန်းမှတ်တိုင်နေရာ ရွှေ့ပြောင်းသည့် လုပ်ငန်းခွင်သို့ သွားရောက်၍ ရေမြောင်းအုတ်စီနေသည်ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)