ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အခြေခံလူတန်းစားများအား ထောက်ပံ့ငွေများပေးအပ်

ဒဂုံ(အရှေ့) ဩဂုတ်  ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ တားဆီး ကာကွယ် ထိန်းချုပ် ရေး ကာလတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လက်လုပ်လက်စား အိမ်ထောင်စုဝင်များအား  နိုင်ငံတော်မှထောက်ပံ့သော  ထောက်ပံ့ငွေများကို ယမန်နေ့ နံနက်ပိုင်း က အခြေခံလူတန်းစားများ၏ လက်ဝယ် အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ငွေများပေးအပ်ရာတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလက်လုပ်လက်စား အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ ငွေ ကျပ် ၂၀၀၀၀ နှုန်းဖြင့် ရပ်ကွက်/ကျေးရွာ(၃၂)ရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စုဝင်များအား သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေး အဖွဲ့ဝင်များက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းထွဋ်ဝင်း(ပြန်/ဆက်)