တနိုင်းမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဌာနဆိုင်ရာများစုပေါင်း၍ ဝါဆိုသင်္ကန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်း

တနိုင်း  သြဂုတ်  ၁၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများစုပေါင်း၍ ဝါဆိုသင်္ကန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် အလှူငွေများကို ယမန်နေ့နံနက်(၁၀)နာရီတွင် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဌာနဆိုင်ရာများအဖွဲ့ခွဲ၍ သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

တနိုင်းမြို့နယ်ရှိ ဌာနဆိုင်ရာများစုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို နှစ်စဉ်မပျက် ကျင်းပခဲ့ပြီး ယခုအခါ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းမှာ (၂၉)ကြိမ်မြောက်ဖြစ်ပြီ  ကိုဗစ်-၁၉ရောဂါ ကာလ လူစုလူအဝေးမဖြစ်စေရန်အတွက် စည်းကမ်းချက်များနှင့်အညီ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း၊ ဆန်၊ ဆီ၊ ဆေးဝါးနှင့် နဝကာမအလှူငွေတို့အား မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၁၇) ကျောင်းနှင့် သီလရှင်ကျောင်း (၂) ကျောင်း စုစုပေါင်း (၁၉) ကျောင်းအား ဌာနဆိုင်ရာများ အဖွဲ့ခွဲ၍ သွားရောက်  ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

စိုင်းထင်ကျော်(ပြန်/ဆက်)