မိုင်းပန်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက် ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများအား ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်နှင့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီတို့မှ ကွင်းဆင်းစစ်ဆေး

မိုင်းပန်  မတ်   ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊  ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက် ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများအား ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်နှင့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီတို့မှ ယနေ့နံနက် ၉ နာရီခွဲအချိန်ခန့်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

မိုင်းပန်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းနောင့်၊ မြို့နယ်တည်ဆောက်ရေး လုပ်ငန်း စိစစ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့၀င်များသည် လမ်းအထူးအဖွဲ့(၅)၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် တည်ဆောက်ရေး လုပ်ငန်းများဖြစ်သည့်လမ်း၊ တံတားတည်ဆောက်ရေး လုပ်ငန်းများ၊ စိမ့်စမ်းရေ သွယ်ယူခြင်း လုပ်ငန်း၊ စာသင်ကျောင်းသစ်ဆောက်လုပ်ခြင်းလုပ်ငန်းတို့၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား မြေပြင်ကွင်းဆင်း‌ကြည့်ရှုစစ်‌ဆေး ခဲ့ကြောင်း သတင်းရရှိသည်။

ကိုဆန်း (မိုင်းပန်)