လှိုင်းဘွဲမြို့နယ် မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း ဖွင့်ပွဲအခမ်းအနားကျင်းပ

လှိုင်းဘွဲ ဩဂုတ် ၁၇

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က လှိုင်းဘွဲမြို့ (က) ရပ်ကွက်၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကရင်ပြည်နယ် မြန်မာနိုင်ငံရင်ခွင့်မဲ့ကလေးငယ်များ လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စန်းရီ၊ ဘားအံခရိုင် ဒုတိယဥက္ကဋ္ဌ ဒေါ်တင်တင်အေး၊ လှိုင်းဘွဲမြို့နယ်  အတွင်းရင်းမှူး ဒေါ်နန်းမြင့်စိန်နှင့် အလုပ်မှုဆောင် ဒေါ်နန်းသင်းအုံတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ဘားအံခရိုင် ဒုတိယဥက္ကဋ္ဌ ဒေါ်တင်တင်အေးက မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းဖွဲ့စည်း ရသည့်ရည်ရွယ်ချက်ကို အဖွင့်အမှာစကားပြောကြားပြီး လှိုင်းဘွဲမြို့နယ် အတွင်းရေးမှူး ဒေါ်နန်းမြင့်စိန်က ရင်ခွင်မဲ့ကလေးငယ်များ လျော့ချရန်နှင့် ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ ဥပဒေပါအခြေခံအခွင့်အရေးများနှင့်အညီ ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် မြို့နယ်အတွင်း ဖွဲ့စည်းထားရှိမှုနှင့် ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)